ဖားကန့်ဒေသ ဝှေခါကျေးရွာ တွင် မြေပြိုကျမှုဖြစ်ပွားရာ အိမ်ခြေ ၁၂ လုံး၊ ကုမ္ပဏီ အဆောက်အဦးနှင့် ဘက်ဟိုး တစ်စီးပါသွားခဲ့ပြီး လူငါးဦး ပြန်လည်လွတ်မြောက်လာ
ဖားကန့်ဒေသ ဝှေခါကျေးရွာ မှော်သစ်ကုန်းရပ်ကွက် ၂ မှာ ယနေ့ (ဇူလိုင် ၂၀) နံနက် ၃ နာရီခွဲအချိန်ခန့်က မြေပြိုကျမှု ဖြစ်ပွားခဲ့ပြီး အိမ်ခြေ ၁၂ လုံး၊ ကုမ္ပဏီ အဆောက်အဦးနှင့် ဘက်ဟိုး တစ်စီး မြေပြိုကျရာ၌် ပါသွားခဲ့တယ်လို့ သိရပါတယ်။