ပြည်ပရောက် မြန်မာနိုင်ငံသား ၈၀၀၀ ကျော်ကို ကယ်ဆယ်ရေး လေယာဉ်များဖြင့် ခေါ်ဆောင်ထားပြီး နောက်ထပ် ၁၈၀၀ ခန့်ကို ထပ်မံ ခေါ်ယူမည်
နိုင်ငံတကာ ခရီးသည်လေယာဉ်တွေ ပျံသန်းမှု ယာယီရပ်ဆိုင်းထားတဲ့အတွက် ပြည်ပနိုင်ငံတွေမှာ အခက်အခဲ ကြုံနေရတဲ့ မြန်မာနိုင်ငံသား ၈၀၀၀ ကျော်ကို ကယ်ဆယ်ရေး လေယာဉ်တွေနဲ့ ပြန်လည် ခေါ်ဆောင်ထားပြီး နောက်ထပ် နိုင်ငံသား ၁၈၀၀ ကျော်ကို ထပ်မံခေါ်ယူဖို့ ရှိတယ်လို့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးကျော်တင်က ပြောပါတယ်။