ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် စိုးရိမ်ရေမှတ် ရောက်ခဲ့ပြီး ကသာမြို့တွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်

ဧရာဝတီမြစ်ရေသည် ရွှေကူမြို့တွင် စိုးရိမ်ရေမှတ် ရောက်ခဲ့ပြီး ကသာမြို့တွင် နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်
Published 15 July 2020

ကချင်ပြည်နယ် ရွှေကူမြို့မှာ ဧရာဝတီမြစ်ရေဟာ စိုးရိမ်ရေမှတ်ဖြစ်တဲ့ ၉၃၀ စင်တီမီတာသို့ ဇူလိုင် ၁၄ ရက် နေလည် ၂ နာရီခွဲအချိန်မှာ ရောက်ရှိခဲ့ပြီး ကသာမြို့မှာလည်း နောက်တစ်ရက်အတွင်း စိုးရိမ်ရေမှတ် ရောက်နိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားရေးမှူး ဦးစီးဌာနရဲ့ ပြောကြားချက်အရ သိရပါတယ်။