တပိုင်တနိုင် ဒေသတွင်းကုန်သွယ်မှုများအတွက် မြန်မာ - ထိုင်း အမှတ် ၁ ချစ်ကြည်ရေးတံတားမှတစ်ဆင့်ပြုလုပ်ခွင့်ပြုရန် နှစ်ဖက် ညှိနှိုင်းနေ

တပိုင်တနိုင် ဒေသတွင်းကုန်သွယ်မှုများအတွက် မြန်မာ - ထိုင်း အမှတ် ၁ ချစ်ကြည်ရေးတံတားမှတစ်ဆင့်ပြုလုပ်ခွင့်ပြုရန် နှစ်ဖက် ညှိနှိုင်းနေ
Published 11 July 2020

မြန်မာ-ထိုင်းနယ်စပ်မြဝတီ-မဲဆောက် အမှတ် ၁ ချစ်ကြည်ရေးတံတားကနေတဆင့် ဒေသသုံးကုန်ပစ္စည်း (၁၄၆) မျိုးထဲက ကျပ် ၁၀ သိန်းအောက် တပိုင်တနိုင် ကုန်သွယ်ခွင့်ကို လာမယ့်ရက်သတ္တပတ်နောက်ပိုင်းမှာခွင့်ပြုနိုင်အောင် နှစ်ဖက် ညှိနှိုင်း ဆောင်ရွက်နေတယ်လို့ မြဝတီခရိုင်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။