ပုလဲမြို့နယ် မြကုန်းကျေးရွာတွင် ပူးပေါင်းစစ်ဆေးရေးဂိတ်ဆောက်ရန်လျာထားမြေအတွက် လုံခြုံရေးယူပေးသော ရဲတပ်ဖွဲ့နှင့်ဒေသခံများအကြား ရုန်းရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ဒေသခံတစ်ဦးရာဘာကျည်ထိမှန်ခဲ့ (ရုပ်သံ)
စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်ခရိုင် ပုလဲမြို့နယ် မြကုန်းကျေးရွာမှာ ပူးပေါင်းစစ်ဆေးရေး ဂိတ်ဆောက်လုပ်ရန်လျာထားမြေနှင့်ပက်သက်ပြီး လုံခြုံရေးယူပေးခဲ့တဲ့ ရဲတပ်ဖွဲ့နှင့်ဒေသခံများအကြား ဒီကနေ့ ဇူလိုင်လ ၇ရက် နံနက်ပိုင်းကရုန်းရင်းဆန်ခတ်ဖြစ်ပွားခဲ့ပြီး ဒေသခံတစ်ဦး ရာဘာကျည် ထိမှန်ခဲ့တယ် လို့သိရပါတယ်။