မြောင်းမြအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျအကျဉ်းသားတစ်ဦးထံသို့ မူးယစ်ဆေးများပို့ရန် သယ်လာသော အကျဉ်းဦးစီးဌာန ဝန်ထမ်းတစ်ဦးအပါအဝင် ပူးပေါင်းပါဝင်သူတစ်ဦးကို ဖမ်းဆီးရမိ (ရုပ်သံ)
မြောင်းမြအကျဉ်းထောင်အတွင်း ပြစ်ဒဏ်ကျခံနေရတဲ့ အကျဉ်းသားတစ်ဦးထံသို့ မူးယစ်ဆေးဝါးများ ပို့ဆောင်ပေးဖို့ သယ်လာတဲ့ အကျဉ်းဦးစီးဌာနက ဝန်ထမ်းတစ်ဦးနှင့် ပူးပေါင်းပါဝင်ခဲ့သူ တစ်ဦးကို ဇူလိုင်လ ၆ရက် ညနေ ပိုင်းမှာ သက်သေခံ မူးယစ်ဆေးဝါးဟု ယူဆရသည့် ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။