ဉာဏ်တော်အမြင့် ၈၁ ပေရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်အဖြစ် နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် စကျင်ကျောက်သား ကိုယ်ထည်နှင့် ပုလ္လင်တော် အစိတ်အပိုင်းတို့ကို တပ်မတော်ရေယာဉ်ဖြင့် စကျင်တောင်မှ ပင့်ဆောင်သယ်ယူ
ဉာဏ်တော်အမြင့် ၈၁ ပေရှိ ထိုင်တော်မူ ဗုဒ္ဓရုပ်ပွားတော်အဖြစ် နေပြည်တော် ၊ ဒက္ခိဏသီရိမြို့နယ်တွင် တည်ထားကိုးကွယ်မည့် စကျင်ကျောက်သား ကိုယ်ထည်နှင့် ပုလ္လင်တော် အစိတ်အပိုင်းတို့ကို တပ်မတော်ရေယာဉ်ဖြင့် မတ္တရာမြို့နယ် စကျင်တောင်မှ ဇူလိုင် ၃ ရက်နှင့် ၅ ရက်တို့တွင် ပင့်ဆောင် သယ်ယူခြင်း အခမ်းအနားကို ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။