ကပ်ရောဂါနှိမ်နင်းရာ၌ ထိရောက်မှုမရှိပါက နိုင်ငံအတွင်း တစ်ရက်ကို COVID-19 ပိုးတွေ့သူ၁၀၀,၀၀၀ ထိ ဖြစ်လာနိုင်ဟု အမေရိကန်ကျန်းမာရေးပညာရှင်သတိပေး
Covid-19 ကပ်ရောဂါကိုနှိမ်နင်းတဲ့နေရာမှာ အစိုးရနဲ့ပြည်သူက ထိရောက်တဲ့ဆောင်ရွက်မှုတွေမရှိရင် ကိုရိုနာဗိုင်းရပ်စ်ပိုးတွေ့သူဦးရေက တစ်နေ့ကို ၁၀၀,၀၀၀ ထိနှစ်ဆတိုးလာနိုင်တယ်လို့ အမေရိကန် ထိပ်တန်းကျန်းမာရေးပညာရှင်က ဇွန်လ ၃၀ ရက် ကွန်ဂရက်လွှတ်တော်မှာ သတိပေးလိုက်ပါတယ်။