မြန်မာ-တရုတ်နယ်နိမိတ်အတွင်း စီးဆင်းနေသော ရွှေလီမြစ်ရေပြင်အရောင်ပြောင်းလဲခဲ့ပြီး ရေနေသတ္တဝါများသေဆုံးနေသဖြင့် ဒေသခံများစိုးရိမ် (ရုပ်သံ)
မြန်မာ-တရုတ် နှစ်နိုင်ငံနယ်နိမိတ်အတွင်း စီးဆင်းနေတဲ့ ရွှေလီ မြစ်ရေပြင်ဟာ ဇွန်လ ၁၀ ရက်နဲ့၁၁ ရက်တို့မှာ အနီရောင်သန်းတဲ့ အရောင်ပြောင်းလဲခဲ့ကာ ရေနေသတ္တဝါများ သေဆုံးနေတာကြောင့် ရွှေလီမြစ်အနီးရှိ မြန်မာ တောင်သူတွေစိုက်ပျိုးထားတဲ့ သီးနှံများပျက်စီး ဆုံးရှုံးမှာနဲ့ ရေနေသတ္တဝါများသေကြေ နေခြင်း နှင့် ဂေဟစနစ်ပျက်စီးမှာကို စိုးရိမ်တယ်လို့ ဒေသခံတွေကပြောပါတယ်။