ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဌာပနာ ဖောက်ထွင်းခံခဲ့ရသည့် ဘုရား ၃၃ ဆူအနက် ၂၁  ဆူမှာ ဌာပနာ မသွင်းရသေးသည့် ဘုရားများ ဖြစ်ကြောင်းသိရ

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်း ဌာပနာ ဖောက်ထွင်းခံခဲ့ရသည့် ဘုရား ၃၃ ဆူအနက် ၂၁  ဆူမှာ ဌာပနာ မသွင်းရသေးသည့် ဘုရားများ ဖြစ်ကြောင်းသိရ
Published 13 June 2020

 

ပုဂံရှေးဟောင်း ယဉ်ကျေးမှုနယ်မြေအတွင်းမှာ သုံးရက်အတွင်း ရှာဖွေတွေ့ရှိခဲ့ရသော ဌာပနာဖောက်ထွင်းခံရသည့် ဘုရား ၃၃ ဆူအနက် ၂၁  ဆူမှာ ဌာပနာထည့်သွင်း ဆောင်ရွက်ထားခြင်း မရှိသေးသည့် ဘုရားများဖြစ်ကြောင်း ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (ပုဂံဌာနခွဲ) မှ ညွှန်ကြားရေးမှူး ဒေါက်တာသန်းထိုက်က ပြောပါတယ်။