AA ခေါင်းဆောင်၏ ညီမဖြစ်သူနှင့် ယောက်ဖဖြစ်သူတို့အမှုတွင် စွပ်စွဲခံရသူ မယမင်းမြတ်မှ အာမခံလျှောက်ထားမှု လာမည့်ရုံးချိန်းတွင် ပေးသင့်မသင့် အမိန့်ချမည်
အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် AA ခေါင်းဆောင် ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ညီမဖြစ်သူ မယမင်းမြတ်နှင့် ယောက်ဖဖြစ်သူ ကိုကျော်နိုင်တို့အမှုတွင် စွပ်စွဲခံရသူ မယမင်းမြတ်မှ အာမခံလျှောက်ထားမှု ကိုလာမည့်ရုံးချိန်း မှာ ပေးသင့်မသင့် အမိန့်ချမည်ဖြစ်ကြောင်း ဇွန် ၁၁ရက်ရုံးချိန်းမှာ ရန်ကုန် အနောက်ပိုင်းခရိုင်တရားရုံး သတင်းပြန်ကြားရေးအရာရှိ၏ ပြောကြားချက်အရ သိရပါတယ်။