ပင်လည်ဘူးမြို့နယ်ရှိ ကျောက်မီးသွေးတူးဖော်နေသည့်လုပ်ကွက်မြေအောက်၌ ကျောက်မီးသွေးများ လောင်ကျွမ်းမှုဖြစ်ပွားနေဟု ဆို
စစ်ကိုင်းတိုင်းဒေသကြီး၊ကသာခရိုင်၊ပင်လည်ဘူးမြို့နယ်မှာရှိတဲ့ ကျောက်မီးသွေးတူးဖော်နေတဲ့လုပ်ကွက်ရဲ့ မြေအောက် မှာရှိတဲ့ ကျောက်မီးသွေးတွေ လောင်ကျွမ်းမှုဖြစ်ပွားနေပြီး အဲဒီအတွက် အန္တရာယ်ရှိတယ်လို့ ပင်လည်ဘူးမြို့နယ် မဲဆန္ဒနယ်မြေ အမှတ် ၂ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးသန်းလှိုင်ကပြောပါတယ်။