ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ NCA လက်မှတ်ထိုးထားသောအဖွဲ့အစည်းသုံးဖွဲ့မှတဆင့် ပြည်သူ လူထုထံ စားနပ်ရိက္ခာများ လှူဒါန်း

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီမှ NCA လက်မှတ်ထိုးထားသောအဖွဲ့အစည်းသုံးဖွဲ့မှတဆင့် ပြည်သူ လူထုထံ စားနပ်ရိက္ခာများ လှူဒါန်း
Published 9 June 2020

ရှမ်းပြည်နယ်ပြည်သူလူထုစားနပ်ရိက္ခာထောက်ပံ့ရေးကော်မတီကနေ PNLO ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးအဖွဲ့ချုပ်၊ PNO (အသွင်ပြောင်း ပြည်သူ့စစ်ဌာနေ)၊ RCSS ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီအဖွဲ့သုံးဖွဲ့ထံ တစ်ဖွဲ့ကို ဆန် (၂၄) ပြည် အိတ် ၃၀၀ ၊ ဆီ(၁၀) ပိဿာ ပုံး ၃၀တို့ကို ဇွန်လ(၈) ရက်နေ့က လှူဒါန်းထောက်ပံ့ပေးခဲ့တယ်လို့သိရပါတယ်။