မြဝတီမှတဆင့်နေရပ်ပြန်လာသူ ၂၂၀ဦးကို သံဖြူဇရပ်တပ်နယ် CBFQတွင် Quarantine ထားရှိပြီး နှာခေါင်းတို့ဖတ်ယူကာ စစ်ဆေးမှုပြုလုပ်မည်
မေလ ၃၁ ရက်ညပိုင်းကစပြီး မြဝတီမြို့မှဝင်ရောက်လာတဲ့ ပြည်ပပြန်ရောက်လာသူ ၂၂၀ ဦးကို ဝဲဂလိသံဖြူဇရပ်တပ်နယ် Quaratine Centerမှာ ကျန်း မာရေးဌာနရဲ့ လမ်းညွှန်ချက်အညီထားရှိပြီး နှာခေါင်းတို့ဖတ်နမူနာယူကာ Covid 19 ရှိမရှိ စစ်ဆေးမှုပြုလုပ်မယ်လို့ သိရပါတယ်။