တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တရာလမ်းနှင့်သစ္စာလမ်းထောင့်၌ အငှားယာဉ်နှင့်ကုန်တင်ယာဉ်တို့ တိုက်မိခဲ့ပြီး ကုန်တင်ယာဉ် တိမ်းမှောက် (ရုပ်သံ)
မေ ၃၁ ရက် ညပိုင်းက တောင်ဥက္ကလာပမြို့နယ် ဝေဇယန္တရာလမ်းနဲ့ သစ္စာလမ်းထောင့်မှာ အငှားယာဉ်တစီးနဲ့ ကုန်တင်ယာဉ်တစ်စီးတို့ တိုက်မိခဲ့ပြီး ကုန်တင်ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။