ရှမ်းပြည်နယ်တောင်ပိုင်း ၁၃ မြို့နယ်ရှိ Quarantine Center တွင်ရှိနေသူ ၃၃၆ ဦးတို့၏ နှာခေါင်းတို့ဖတ်နမူနာများ ရန်ကုန် NHL သို့ ပေးပို့ထား (ရုပ်သံ)
ရှမ်းပြည်နယ်တောင်ပိုင်း (၁၃) မြို့နယ်မှာရှိတဲ့ Quarantine Center တွေမှာ Quarantine Center မှာရှိနေသူ စုစုပေါင်း ၃၃၆ ဦးတို့ရဲ့ နှာခေါင်းတို့ဖတ်နမူနာတွေကို မေလ (၃၁) ရက် နံနက်ပိုင်းက ရန်ကုန် NHL ကို ပေးပို့ထားတယ်လို့ ရှမ်းပြည်နယ် ပြည်သူ့ကျန်းမားရေးဦးစီးဌာနထံကနေ သိရပါတယ်။