ခုကာလအတွင်း တပ်မတော် နှင့် အစိုးရ အကြီးအကဲများတွေ့ဆုံမှုများရှိပြီး အရပ်ဘက်၊စစ်ဘက် ဆက်ဆံရေး တွင် ညှိနှိုင်းပူးပေါင်း ဆောင်ရွက်မှုတွေရှိနေဟု သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ပြောကြား
တပ်မတော် အကြီးအကဲတွေနဲ့ အစိုးရအကြီးအကဲများ ဒီကာလအတွင်း တွေ့ဆုံမှုများရှိနေပြီး တိုင်းပြည်အတွက်အရေးကြီးတဲ့ကိစ္စရပ်တွေမှာတော့ ညှိနှိုင်းပူးပေါင်းဆောင်ရွက်နေပါတယ်လို့ နိုင်ငံတော် သမ္မတ ရုံးပြောရေး ဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောပါတယ်။