မေ ၂၇ ရက် စစ်ဆေးမှုတွေအရ COVID-19 ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) တွေရဲ့ ဓာတ်ခွဲ နမူနာ စစ်ဆေးမှုတွေထဲမှာ နှစ်ကြိမ် ဆက်တိုက်ပိုးမတွေ့ရှိသူ (၂) ဦး (Case-68 နဲ့ 83) ထပ်တိုးလာလို့ စုစုပေါင်း ရောဂါပိုးကင်းစင် လာသူ စုစုပေါင်း (၁၂၆) ဦးရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက်အရ သိရ ပါတယ်။