ကယားပြည်နယ်အတွင်း အပန်းဖြေနေရာများမှ ဆိုင်ခန်းများ ပိတ်သိမ်းထားရမှု နှစ်လကျော်လာချိန်တွင် ဆိုင်ပိုင်ရှင်များ စားဝတ် နေရေး ခက်ခဲလာ (ရုပ်သံ)
ကယားပြည်နယ်အတွင်းမှာရှိတဲ့ အပန်းနေရာတွေက ဆိုင်ခန်းတွေ COVID 19 ကပ်ရောဂါကြောင့် ပိတ်ထားရတာ နှစ်လကျော်ရှိလာပြီဖြစ်တာကြောင့် ဆိုင်ရှင်အများစုဟာ စားဝတ်နေရေးခက်ခဲနေတယ်လို့ သိရပါတယ်။