တီးတိန်မြို့နယ်တွင် မလေးရှားမှ ပြန်ရောက်လာသူနှစ်ဦးထံမှ COVID-19 ရောဂါပိုးထပ်မံတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံးတွင် ရောဂါပိုးတွေ့ရှိသူ စုစုပေါင်း ၂၀၁ဦးထိရှိလာ (ရုပ်သံ)
ချင်းပြည်နယ် တီးတိန်မြို့နယ်မှာ မလေးရှားမှ ပြန်ရောက်လာသူနှစ်ဦးထံမှ COVID- 19 ရောဂါပိုးတွေ့ရှိခဲ့ပြီး တစ်နိုင်ငံလုံး ရောဂါပိုးတွေ့ရှိသူစုစုပေါင်း ၂၀၁ ဦးထိ ရှိလာပြီဖြစ်တယ်လို့ ကျန်းမာရေးနှင့်အာကစားဝန်ကြီးဌာနရဲ့ မေလ ၂၃ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။