COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပစ္စည်းများဝယ်ယူရာတွင် အဂတိလိုက်စားမှု မဖြစ်ပွားစေရေး ကြီးကြပ်ဆောင်ရွက်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း

COVID-19 ကာကွယ်ထိန်းချုပ် ကုသရေးအတွက် ပစ္စည်းများဝယ်ယူရာတွင် အဂတိလိုက်စားမှု မဖြစ်ပွားစေရေး ကြီးကြပ်ဆောင်ရွက်ရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် တိုက်တွန်း
Published 22 May 2020

COVID-19 ကာကွယ် ထိန်းချုပ် ကုသရေးအတွက် အချိန်နှင့်တပြေးညီ ဆောင်ရွက်နိုင်ဖို့ နိုင်ငံတော်သမ္မတရုံးရဲ့ ညွှန်ကြားချက် ၁/၂၀၁၇ ပါ တင်ဒါလုပ်ငန်းစဉ်တွေ ကင်းလွတ်ခွင့်ပြုထားပြီး ပစ္စည်းများဝယ်ယူရာတွင် ပွင့်လင်းမြင်သာမှုရှိစေရေး၊ အဂတိလိုက်မှု မဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာဝန်ကြီးဌာနမှ ကြီးကြပ်ဆောင်ရွက်နိုင်ရန် တိုက်တွန်းအကြံပြုကြောင်း တပ်မတော်သား ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဗိုလ်မှူးဇေဖြိုးက လွှတ်တော်မှာဆွေးနွေးခဲ့ပါတယ်။