တရုတ်နိုင်ငံ၏ တင်းကြပ်မှုအစီအမံများကြောင့် မူဆယ်မြို့၌ ကုန်တင်ကားကြီးများကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရပြီး ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေ
တရုတ်နိုင်ငံက Covid 19 ရောဂါ အကြောင်းပြချက်ဖြင့် ကုန်တင်ကားများကို တင်းကြပ်မှုအစီအမံများကြောင့် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှ ကုန်တင်ကားကြီးတွေဟာ နှစ်နိုင်ငံပြည်ဝင်ပြည်ထွက် မန်းဝန်းဂိတ်ကို ဝင်နိုင်ဖို့အတွက် ၇ ရက်မှ ၁၀ အထိ ကြာမြင့်စွာ တန်းစီစောင့်ဆိုင်းနေရတာကြောင့် ကုန်စည်စီးဆင်းမှု နှောင့်နှေးကြန့်ကြာနေတယ်လို့ သိရပါတယ်။