ချင်းပြည်နယ်၊ထန်တလန်မြို့နယ်မှ ခရီးသွားရာဇဝင်ရှိခဲ့ဖူးသူ အမျိုးသားတစ်ဦးတွင် COVID – 19 ရောဂါပိုးထပ်မံတွေ့ရှိ (ရုပ်သံ)
ကျန်းမာရေးနဲ့အားကစားဝန်ကြီးဌာနရဲ့ မေလ ၁၆ ရက်နေ့ နံနက် ၇ နာရီထုတ်ပြန်ချက်အရချင်းပြည်နယ်၊ ထန်တလန် မြို့နယ်မှာနေထိုင်တဲ့ အသက် ၃၂ နှစ်အရွယ်အမျိုးသားတစ်ဦးမှာ COVID – 19 ရောဂါပိုးထပ်မံတွေ့ရှိခဲ့တဲ့အတွက် မြန်မာနိုင်ငံမှာမေလ ၁၆ ရက်နေ့နံနက်ပိုင်းအထိ COVID – 19 အတည်ပြုလူနာစုစုပေါင်း ၁၈၂ ဦးရှိလာပြီဖြစ်ပါတယ်။