ရန်ကုန်တွင် နိုက်ကလပ်၊ ဘီယာဆိုင်များ ဆက်ပိတ်မည်ဖြစ်ပြီး အခြေခံစားသောက်ဆိုင်များကို အကန့်အသတ်ဖြင့် ဆိုင်ထိုင်စားနိုင်ရန် ဆုံးဖြတ်ထားကာ မကြာမီ ညွှန်ကြားချက် ထုတ်ပြန်မည်
ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ နိုက်ကလပ်၊ ဘီယာဆိုင်တွေကို ဆက်လက် ပိတ်ထားမှာဖြစ်ပြီး အခြေခံစားသောက်ဆိုင်တွေကိုတော့ အကန့်အသတ်နဲ့ ဆိုင်ထိုင်စားနိုင်ရန် ဆုံးဖြတ်ထားကာ မကြာမီ ညွှန်ကြားချက် ထုတ်ပြန်မယ်လို့ မင်္ဂလာဒုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်လှိုင်ဝင်းက ပြောပါတယ်။