ဗန်းမောက်မြို့နယ် မန်ကျီးပင်လျှိုအနီးမှော်တွင် တရားမဝင်ရွှေတွင်းတူးဖော်ရာမှ ယမ်းပေါက်ကွဲမှုကြောင့် အသက်ရှုကြပ်ကာ သေဆုံးသူ ၄ ဦးအထိရှိလာ (ရုပ်သံ)

ဗန်းမောက်မြို့နယ် မန်ကျီးပင်လျှိုအနီးမှော်တွင် တရားမဝင်ရွှေတွင်းတူးဖော်ရာမှ ယမ်းပေါက်ကွဲမှုကြောင့် အသက်ရှုကြပ်ကာ သေဆုံးသူ ၄ ဦးအထိရှိလာ (ရုပ်သံ)
Published 12 May 2020

စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင် ဗန်းမောက်မြို့နယ် ပန်းတောကျေးရွာ မန်ကျီးပင်လျှိုအနီးမှော်မှာ မေလ ၉ ရက်နေ့ နေ့လယ်ပိုင်းက တရားမဝင်ရွှေတွင်းတူးဖော်ရာကနေ ယမ်းပေါက်ကွဲမှုကြောင့် အသက်ရှုကြပ်ကာ သေဆုံးသူ ၄ ဦးအထိရှိလာပြီဖြစ်တယ်လို့ ဗန်းမောက်မြို့ မြင့်မြတ်လူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးကျော်မြင့်ဦးရဲ့ ပြောကြားချက်အရ သိရပါတယ်။