ထိုင်း နှင့် တရုတ်နိုင်ငံတို့မှ နေရပ်ပြန်လာသူများထဲမှ ဧရာဝတီတိုင်းအစိုးရအဖွဲ့စီစဉ်မှုဖြင့် ဦးရေ ၆၀၀ကျော် ခေါ်ယူပေးထား
Covid 19 ရောဂါကြောင့်အလုပ်များရပ်နားထားရပြီးနောက်ထိုင်းနိုင်ငံနဲ့ တရုတ်နိုင်ငံတို့မှ ဧရာဝတီတိုင် း ဒေသကြီးအတွင်းရှိ မြို့နယ်များသို့ ပြန်လာတဲ့ နေရပ်ပြန်၆၃၁ဦးအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအမံဖြင့် သွားရောက်ခေါ်ယူပေးထားပြီးကျန်ရှိတဲ့ နေရပ်ပြန်လိုသူများကိုပါဆက်လက်ခေါ်ယူပေးသွားမယ်လို့ သိရပါတယ်။