မန္တလေးကန်တော်နဒီဆေးရုံမှ COVID -19 အတည်ပြုလူနာအမှတ် ၁၃၂ ကို ထပ်မံစစ်ဆေးမှုအရ Negative အဖြေထွက်
မန္တလေးမြို့ကန်တော်နဒီဆေးရုံမှာ ကုသမှုခံယူနေတဲ့ COVID – 19 အတည်ပြုလူနာအမှတ် ၁၃၂ ဟာ ဆေးပြန်လည် စစ်ဆေးချက်အရ Negative အဖြေထွက်ခဲ့တယ်လို့ မန္တလေးတိုင်းဒေသကြီး ရောဂါဖြစ်ပွားလူနာများအား ကုသရေး ကြီးကြပ်မှု လုပ်ငန်းကော်မတီထံက သိရပါတယ်။