မကွေးတိုင်းဒေသကြီးအတွင်းသို့ တရုတ်နိုင်ငံမှ ပြန်လည်ဝင်ရောက်သူ ၆၅၀ ကျော်ရှိပြီး စေတနာ့ဝန်ထမ်းတာဝန်ထမ်းဆောင်ရန် ၁၆၀၀၀ ကျော် စာရင်းပေးထား (ရုပ်သံ)
မကွေးတိုင်းဒေသကြီးအတွင်း ကိုရိုနာဗိုင်းရပ်စ်ကြိုတင်ကာကွယ်ရေးအတွက် Facility Quarantine ဝင်ရသူ ၂၁၀၀၀ ကျော်နဲ့ ဧပြီလကုန်၊ မေလဆန်းမှာတရုတ်နိုင်ငံကနေပြန်လည်ဝင်ရောက်လာသူ ၆၅၀ ကျော်ရှိပြီး စေတနာ့ဝန်ထမ်းအဖြစ် တာဝန် ထမ်းဆောင်ဖို့စာရင်းပေးထားသူ ၁၆၀၀၀ ကျော်ရှိတယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဒေါက်တာအောင်မိုးညိုက မေ ၄ ရက်နေ့က ပြောကြားခဲ့ပါတယ်။