ပဲခူးအကျဉ်းထောင်တွင် အကျဉ်းသားအဖွဲ့ နှစ်ဖွဲ့ ခိုက်ရန်ဖြစ်ပွား၍ သံချွန်များအသုံးပြုခဲ့မှု တွင် အကျဉ်းထောင် ဝန်ထမ်းများက အဓိကတာဝန်ရှိကြောင်း တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ပြောကြား
ပဲခူးအကျဉ်းထောင် မှာအကျဉ်းသား ၄ ဦးအဖွဲ့ နဲ့ အကျဉ်းသား ၁၀ဦးအဖွဲ့တို့ ခိုက်ရန် ဖြစ်ပွားခဲ့ရာမှ အကျဉ်းသား ၁၀ဦးအဖွဲ့က သံချွန်များဖြင့်ထိုးခဲ့မှုကြောင့် ၄ဦးအဖွဲ့မှ နှစ်ဦးဒဏ်ရာရပြီး တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရတဲ့ဖြစ်စဉ်မှာ အဓိကတာဝန်ရှိသူက အကျဉ်းထောင် ဝန်ထမ်းတွေ ဖြစ်တယ်လို့ ပဲခူးမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးညွှန့်ရွှေက ပြောပါတယ်။