လာမယ့် နာရီ ၆၀ အတွင်း ပြောင်းလဲလာနိုင်သည့် မုန်တိုင်းငယ် (Depression) အနောက်မြောက်ဘက်သို့ ရွေ့လျားနိုင်သဖြင့် ယေဘုယျခန့်မှန်းချက်အရ မြန်မာနိုင်ငံကို မဦးတည်နိုင်
ကပ္ပလီပင်လယ်ပြင် တောင်ပိုင်း နဲ့ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်း တို့မှာ ဖြစ်ပေါ်နေတဲ့ လေဖိအားနည်းရပ်ဝန်း ပိုမိုအားကောင်းလာပြီး နောက် နာရီ ၆၀ အတွင်း မုန်တိုင်းငယ် (Depression) အဖြစ်ရောက်ရှိနိုင်ကာ မြောက်-အနောက်မြောက်ဘက်ကို ရွေ့လျားနိုင်တယ်လို့ မိုးလေဝသနှင့် ဇလဗေဒဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။