မုန်တိုင်းပထမရာသီ COVID-19 ကာလအတွင်း မုန်တိုင်းရှောင်စခန်း၊ ကယ်ဆယ်ရေးစခန်းများအတွက် နေရာများများ ရှာထားသင့်ဟုမိုး/ဇလတာဝန်ရှိသူဆို

မုန်တိုင်းပထမရာသီ COVID-19 ကာလအတွင်း မုန်တိုင်းရှောင်စခန်း၊ ကယ်ဆယ်ရေးစခန်းများအတွက် နေရာများများ ရှာထားသင့်ဟုမိုး/ဇလတာဝန်ရှိသူဆို
Published 26 April 2020

လက်ရှိမှာ မြန်မာနိုင်ငံအနေနဲ့ မုန်တိုင်းပထမရာသီကာလကိုရောက်ရှိနေသလိုဧပြီလကုန်ပိုင်းမှာလေဖိအားနည်း ရပ်ဝန်းဖြစ်ပေါ်နိုင်တဲ့ အခြေအနေရှိနေပြီး COVID-19ဖြစ်ပွားနေတဲ့ကာလအတွင်းမှာ မုန်တိုင်းဘေးလွှတ်တဲ့နေရာတွေကို ပြောင်းရွှေ့ဖို့နေရာများများရှာထားသင့်တယ်လို့ မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်မိုးဦးကပြောပါတယ်။