ရခိုင်ပြည်နယ်ရှိ COVID-19 စောင့်ကြည့်ခံရသူများ၏ နှာခေါင်း၊ အာခေါင်တို့ဖတ်နမူနာများအားလေကြောင်းလိုင်းများပြန်ဖွင့်ပါကလေယာဉ်ဖြင့် ရန်ကုန်မြို့ရှိ ဓါတ်ခွဲခန်းသို့ ပို့ဆောင်စစ်ဆေးမည် (ရုပ်သံ)
ရခိုင်ပြည်နယ်ကCOVID-19 စောင့်ကြည့်ခံရသူတွေရဲ့ နှာခေါင်း၊အာခေါင်တို့ဖတ် နမူနာတွေကိုလေကြောင်းလိုင်းတွေ ပြန်လည်ဖွင့်လှစ်ပါကလေယာဉ်နဲ့ ရန်ကုန်မြို့မှာရှိတဲ့ ဓါတ်ခွဲခန်းကိုပို့ဆောင်စစ်ဆေးမယ်လို့ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံးညွှန်ကြားရေးမှုးချုပ် ဒေါက်တာသာထွန်းကျော်ကပြောပါတယ်။