ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးပိုင်းများ အနေဖြင့် COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများကို တာဝန်အရမဖြစ်မနေ လုပ်ဆောင်ရမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား
ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးတာဝန်ရှိသူတွေအနေနဲ့ COVID 19 ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်ရာမှာ စေတနာ့ဝန်ထမ်းများကဲ့သို့ လုပ်ချင်မှ လုပ်ရမှာမဟုတ်ဘဲ တာဝန်အရ လုပ်ကို လုပ်ရမှာဖြစ်တယ်လို့ နိုင်ငံတော်၏အတိုင် ပင်ခံပုဂ္ဂိုလ် အောင်ဆန်းစုကြည်က ဧပြီလ ၂၀ရက်နေ့မှာ ဧရာဝတီတိုင်းဒေသကြီးရှိ ပြည်သူများနှင့် လူမှုကွန်ရက်ကနေ တွေ့ဆုံဆွေးနွေးစဉ်မှာပြောကြားခဲ့ပါတယ်။