COVID-19 အတည်ပြုလူနာနှစ်ဦး၏ မိသားစုဝင်တစ်ဦးအပါအဝင် ရန်ကုန်တွင် COVID-19 ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိ
COVID-19 ဓာတ်ခွဲအတည်ပြုလူနာ (Case-08)နဲ့ (Case-028)တို့ရဲ့ မိသားစုဝင်တစ်ဦးအပါအဝင် ရန်ကုန်မြို့မှာ COVID-19 ရောဂါပိုးရှိသူ နှစ်ဦးထပ်မံတွေ့ရှိကြောင်း ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ဧပြီလ(၁၃)ရက်မနက်အစောပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။