မြန်မာ့ ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ်ငါးဖမ်းစက်လှေများအား တပ်မတော်(ရေ) မှ သတိပေးခြောက်လှန့် ပစ်ခတ်
မြန်မာ့နိုင်ငံရေပိုင်နက်အတွင်းသို့ တရားမဝင် ဝင်ရောက်လာသည့် ဘင်္ဂလားဒေ့ရှ် ငါးဖမ်းစက်လှေများအား တပ်မတော်(ရေ) မှ စစ်ရေယာဉ်များက သတိပေးခြောက်လှန့်ပစ်ခတ်ခဲ့ပြီး ရေလုပ်သား ခြောက်ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဧပြီ ၁၁ ရက်နေ့တွင် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက သတင်းထုတ်ပြန် ချက်အရသိရပါတယ်