တာမွေမြို့နယ်တာမွေဗလီမီးပွိုင့်အနီးမှာဧပြီ၉ရက်နေ့မနက်ပိုင်းကအပူချိန်မြင့်တက်ပြီးအသက်ရှုမွန်းကြပ်ကာလဲကျခဲ့တဲ့အမျိုးသားတစ်ဦးတွေ့ရှိတာကြောင့်ရန်ကုန်ဆေးရုံကြီးသို့အရေးပေါ်ပို့ဆောင်ထားတယ်လို့သိရပါတယ်။ ဖြစ်စဉ်မှာဧပြီ ၉ ရက် နံနက် ၁၁ နာရီဝန်းကျင်ကတာမွေမြို့နယ်၊တာမွေဗလီမီးပွိုင့်အနီးမှာ အမျိုးသားတစ်ဦးမှာ အသက်ရှူ မွန်းကြပ်ကာ လဲကျခဲ့ကြောင်း သတင်းရတာကြောင့်ရန်ကုန်တိုင်းဒေသကြီးလူမှုကယ်ဆယ်ရေးအဖွဲ့(YRO) မှဖွဲစည်းထားတဲ့Special Rescue Team မှ သွားရောက်ခဲ့တယ်လို့သိရပါတယ်။ လဲကျခဲ့တဲ့အမျိုးသားမှာ တာမွေမြို့နယ်အတွင်း နေထိုင်သူ အမျိုးသားဖြစ်ပြီး ၎င်းမှာ ကိုယ်ပူချိန် ၁၀၆ဒီဂရီဖာရင်ဟိုက်ဝန်းကျင် ရှိပြီး အသက်ရှုကြပ်တဲ့ဝေဒနာခံစားနေရတယ်လို့ သိရပါတယ်။
တာမွေမြို့နယ်၊ တာမွေဗလီမီးပွိုင့်အနီး၌ အပူချိန်မြင့်ပြီး အသက်ရှုမွန်းကြပ်ကာ လဲကျခဲ့သူတစ်ဦးကို ရန်ကုန် ဆေးရုံကြီးသို့ပို့ဆောင် (ရုပ်သံ)