ကုသရေးဆိုင်ရာပစ္စည်း၊ ဆေးဝါးနှင့် စားသုံးကုန်များကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ပြီး ဈေးတင်ရောင်းချပါက ဥပဒေအရ အရေးယူမည်
ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ထိန်းချုပ်၊ ကုသရေးဆိုင်ရာ ကျန်းမာရေး အထောက်အကူအပြုပစ္စည်းတွေ၊ ဆေးဝါးတွေနဲ့ စားသုံးကုန်ပစ္စည်းတွေကို အရေးကြီးကုန်စည်အဖြစ် သတ်မှတ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက မတ် ၃၀ ရက် ရက်စွဲနဲ့ ထုတ်ပြန်ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။