စောင့်ကြည့်လူနာ (၄၄) ဦးစစ်ဆေးမှုတွင် အားလုံး COVID-19 ရောဂါပိုး မတွေ့ရှိဘဲ ကူးစက်လူနာ ၈ ဦးတွင် ၇ ဦး သက်သာနေ

စောင့်ကြည့်လူနာ (၄၄) ဦးစစ်ဆေးမှုတွင် အားလုံး COVID-19 ရောဂါပိုး မတွေ့ရှိဘဲ ကူးစက်လူနာ ၈ ဦးတွင် ၇ ဦး သက်သာနေ
Published 28 March 2020

ဒီနေ့ မတ် ၂၈ ရက်နေ့ ည (၈)နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနဲ့ ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုနေတဲ့ လူနာ (၄၄) ဦးရဲ့ ဓာတ်ခွဲနမူနာတွေကို စစ်ဆေးခဲ့ရာမှာ လူနာအားလုံးရဲ့ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်းတွေ့ရပြီး ကူးစက်လူနာ ၈ ဦးမှာ ၇ ဦးက သက်သာကောင်းမွန်နေတယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနရဲ့ ဒီနေ့ည ၈ နာရီ သတင်းထုတ်ပြန် ချက်မှာ ဖော်ပြထားပါတယ်။