ပြည်မြို့နယ်တွင် Facility Quarantine များ စတင်နေပြီး စောင့်ကြည့်လူနာများကို ခေါ်ယူရာတွင် အခက်အခဲဖြစ်နေ
ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း) ၊ ပြည်မြို့နယ်မှာ ပြည်ပနဲ့နယ်စပ်ပြန်တွေအတွက် သီးသန့်စောင့်ကြည့်ဖို့ Facility Quarantine အဆောင်တွေထားရှိနေပြီး အုပ်ချုပ်ရေးအပိုင်းက တိကျတဲ့ အမိန့်ညွှန်ကြားချက်မထုတ်ပေးတာကြောင့် ခေါ်ယူ စောင့်ကြည့်ရာမှာ အခက်အခဲဖြစ်ရတယ်လို့ စောင့်ကြည့်မှုကို ကူညီဆောင်ရွက်နေသူတွေက ပြောပါတယ်။