ရထားလမ်းပိုင်းများ အဆင့်မြှင့်ရန် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှ ငွေများချေးယူရေးကိစ္စများ လွှတ်တော်အတည်ပြု

ရထားလမ်းပိုင်းများ အဆင့်မြှင့်ရန် ဂျပန်နှင့် ကိုရီးယားနိုင်ငံများမှ ငွေများချေးယူရေးကိစ္စများ လွှတ်တော်အတည်ပြု
Published 27 March 2020

ရန်ကုန်-မန္တလေး ရထားလမ်းပိုင်းနဲ့ မန္တလေး-မြစ်ကြီးနား ရထားလမ်းပိုင်းတွေ အဆင့်မြှင့်ဖို့ ဂျပန်နိုင်ငံ၊ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (JICA) ထံကနေ ဂျပန် ယန်း ၄၀ ဒသမ ၆၀၄ ဘီလျံနဲ့ ကိုရီးယားနိုင်ငံ၊ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ပူးပေါင်းဆောင်ရွက်မှု ရန်ပုံငွေမှ အမေရိကန်ဒေါ်လာ ၁၂၅ သန်း ချေးယူရေးကိစ္စတွေကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။