သီလဝါဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ အဆင်မြှင့်တင်ရန် JICA ထံမှ ချေးငွေ ဂျပန်ယန်း ၇ ဘီလီယံကျော် ချေးယူရေးကိစ္စ လွှတ်တော်အတည်ပြု
သီလဝါဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ အဆင်မြှင့်တင်ခြင်းလုပ်ငန်းအတွက် ဂျပန်နိုင်ငံအပြည်ပြည်ဆိုင်ရာ ပူးပေါင်း ဆောင် ရွက်ရေးအေဂျင်စီ(JICA) ထံမှ ချေးငွေ ဂျပန်ယန်း ၇ ဒသမ ၃၃၉ ဘီလီယံ ချေးယူရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က အတည်ပြုလိုက်ပါတယ်။