မှတ်ပုံတင်အတုဖြင့် မော်တော်ယာဉ်သက်တမ်းတိုး ဆောင်ရွက်ခဲ့သူနှစ်ဦးအား အရေးယူမည်

မှတ်ပုံတင်အတုဖြင့် မော်တော်ယာဉ်သက်တမ်းတိုး ဆောင်ရွက်ခဲ့သူနှစ်ဦးအား အရေးယူမည်
Published 21 March 2020

မော်တော်ယာဉ်မှတ်ပုံတင်သက်တမ်းတိုးရာမှာ မှတ်ပုံတင်အတုနဲ့ လာရောက်ဆောင်ရွက်ခဲ့သူနှစ်ဦးကို တရားစွဲဆိုသွားမယ်လို့ ရန်ကုန်တိုင်းဒေသကြီး ကုန်းလမ်းပို့ဆောင်ရေးနှင့်ညွှန်ကြားမှုဦးစီးဌာနမှ သိရပါတယ်။