ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနှင့် ပတ်သက်၍ တရားစွဲဆို ခံထားရသည့် ဒေသခံ ငါးဦးကို အလုပ်နှင့် ထောင်ဒဏ် ငါးနှစ် ချမှတ်
မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်မှာရှိတဲ့ ကျောက်မီးသွေးစွမ်းအင်သုံး ဘိလပ်မြေစက်ရုံစီမံကိန်းပဋိပက္ခနဲ့ ပတ်သက်ပြီး ရာဇသတ်ကြီးပုဒ်မ ၄၃၆ ၊ ၄၄၀၊ ၁၁၄ တို့နဲ့ ဖမ်းဆီးတရားစွဲဆိုခြင်း ခံထားရတဲ့ အောင်သပြေကျေးရွာဒေသခံ ငါးဦးတို့ကို မတ် ၂၀ ရက် ညနေပိုင်းက ပုသိမ်ကြီးမြို့နယ်တရားရုံးက အလုပ်နဲ့ ထောင်ဒဏ် ငါးနှစ် တစ်ပေါင်းတည်းကျခံစေဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရပါတယ်။