ပုဒ်မ လေးခုသာ ပြင်ဆင်နိုင်သဖြင့် ဖွဲ့စည်းပုံပြင်ဆင်ရန် ကြိုးပမ်းမှု ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းပြီး ဘာမှမထူးခဲ့ဟု ရခိုင်လွှတ်တော်ကိုယ်စားလှယ် ပြောကြား
ဖွဲ့စည်းပုံပြင်ဆင်ရေး အဆိုပြုချက် ၁၃၅ ထဲက ပုဒ်မ လေးခုသာ ပြင်ဆင်နိုင်ခဲ့တဲ့အတွက် ဖွဲ့စည်းပုံပြင်ဆင်ရေး ကြိုးပမ်းမှုဟာ ငွေကုန်၊ အချိန်ကုန်၊ လူပင်ပန်းပြီး ဘာမှမထူးခဲ့ဘူးလို့ ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် (၁) က အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးဝေစိန်အောင်က ပြောပါတယ်။