နှစ်ဖက်ဒေသခံများမှအပ အခြားနိုင်ငံခြားသားများကိုနယ်စပ်စစ်ဆေးရေးဂိတ်များမှ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့် ပိတ် (ရုပ်သံ)
COVID-19 ရောဂါ ပြည်ပမှ ကူးစက်ပြန့်ပွားမှုကို ကာကွယ်၊ ထိန်းချုပ်နိုင်ရေးအတွက် မည့်သည့်နိုင်ငံခြားသားကိုမဆို မြန်မာနိုင် ငံနဲ့ အိမ်နီးချင်းနိုင်ငံများအကြား ဖွင့်လှစ်ထားတဲ့ နယ်စပ်စစ်ဆေးရေးဂိတ်များမှတစ်ဆင့် မြန်မာနိုင်ငံဘက်သို့ ပြည်ဝင်ခွင့်ဗီဇာဖြင့် ဝင်ရောက်ခွင့်ကို ဒီနေ့ မတ် ၁၉ ရက်ကစပြီး ယာယီပိတ်ပင်တားမြစ်လိုက်တယ်လို့ နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန် ပါတယ်။