နှစ် ၁၅၀ ကျော်သက်တမ်းရှိ ယောမင်းကြီးအုတ်ကျောင်းရှေ့ NLD ပါတီ မြို့နယ်ရုံးဆောက်မှု တရားဝင်ကန့်ကွက်ထားမှုမရှိဟု NLD ဆို

နှစ် ၁၅၀ ကျော်သက်တမ်းရှိ ယောမင်းကြီးအုတ်ကျောင်းရှေ့ NLD ပါတီ မြို့နယ်ရုံးဆောက်မှု တရားဝင်ကန့်ကွက်ထားမှုမရှိဟု NLD ဆို
Published 18 March 2020

 

ရတနာပုံခေတ်က ယောမင်းကြီးဦးဖိုးလှိုင် ဆောက်လုပ်လှူဒါန်းခဲ့တဲ့ နှစ် ၁၅၀ ကျော် သက်တမ်းရှိ ယောမင်းကြီးအုတ်ကျောင်းရဲ့ အရှေ့ဘက်မှာ NLD ပါတီ မြို့နယ်ရုံးတည်ဆောက်မှုနဲ့ပတ်သက်လို့ တရားဝင်လာရောက်ကန့်ကွက်ထားမှုမရှိသေးဘူးလို့ အောင် မြေသာစံမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီဥက္ကဋ္ဌက ပြောပါတယ်။