အဂတိလိုက်စားမှုနှင့် လုံး၀ မပတ်သက်ဟု တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေးတို့ ငြင်းဆို

အဂတိလိုက်စားမှုနှင့် လုံး၀ မပတ်သက်ဟု တနင်္သာရီတိုင်း ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့် GGS ကုမ္ပဏီ MD ဦးသိန်းထွေးတို့ ငြင်းဆို
Published 18 March 2020

အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေဖြင့် စွဲချက်တင်ခံရပြီး တရားရင်ဆိုင်နေရတဲ့ ဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နဲ့ GGS ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးသိန်းထွေးတို့ကို တနသာၤရီတိုင်းဒေသကြီး တရားလွှတ်တော်မှာ စစ်ဆေးရာ စွဲဆိုထားတဲ့ စွဲချက်ပါကိစ္စများမှာ သူတို့နဲ့ လုံးဝပတ်သက်မှုမရှိဘဲ အဂတိလိုက်စားမှုလည်း မရှိတာကြောင့် အပြစ်မရှိဘူးလို့ ထွက်ဆိုခဲ့တယ်လို့ သိရပါတယ်။