ကိုရိုနာဗိုင်းရပ်စ်ကြောင့် ဧရာဝတီတိုင်းအတွင်း ကျင်းပပြုလုပ်သည့် ဘာသာရေးပွဲတော်များကို ယာယီရပ်ဆိုင်းထားမည်ဖြစ်ပြီး ချောင်းသာ၊ငွေဆောင် သို့ ခရီးသွားဝင်ရောက်မှုကိုပါ ခွင့်ပြုမပြုသုံးသပ်သွားမည်
COVID 19 ရောဂါ ကူးစက်မှု မဖြစ်ပွါးစေရေးအတွက် ဧရာဝတီတိုင်းဒေသကြီးအတွင်း ကျင်းပပြုလုပ်ရန် စီစဉ်ထားသည့် ဘာသာရေးပွဲတော်များ စာပေဟောပြောပွဲများကို ယာယီရပ်ဆိုင်းထားမှာဖြစ်ပြီး ချောင်းသာ၊ငွေဆောင်စသည့် ခရီးသွားဒေသ များသို့ ခရီးသွားဝင်ရောက်မှုကိုပါ ခွင့်ပြုရန် သင့်မသင့်အား သုံးသပ်သွားမယ်လို့ တိုင်းဒေသကြီးအစိုးရအဖွဲ့ထံမှ သိရပါတယ်