ကံမမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းဖြေနေသည့် ကျောင်းသားများနှင့် ဆရာများ အစာအဆိပ်သင့်မှုကြောင့် ဆေးရုံတင်ရ (ရုပ်သံ)
မကွေးတိုင်းဒေသကြီး(အနောက်ပိုင်း)၊ ကံမမြို့နယ်မှာ တက္ကသိုလ်ဝင်တန်းဖြေဆိုနေတဲ့ ကျောင်းသားကျောင်းသူနှင့် ဆရာ/ ဆရာမ ၃၀ ဦးတို့ အစာအဆိပ်သင့်မှုကြောင့် ဆေးကုသမှုခံယူခဲ့ရတာဖြစ်ပြီး (၁၃) ဦးမှာ ဆေးရုံတွင် ဆက်လက်ဆေးကုသ နေရတာဖြစ်တယ်လို့ကံမမြို့နယ် ပြည်သူ့ဆေးရုံကြီးထံက သိရပါတယ်။