တပ်မတော်မပါဘဲ ဖွဲ့စည်းပုံပြင်ဆင်နိုင်မည့် ပုဒ်မ ၄၃၆ (က) နှင့် ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရေး အဆိုပြုချက်များ ရှုံးနိမ့်ပြန်
ဖွဲ့စည်းပုံ ပြင်ဆင်ရာမှာ တပ်မတော်သား ကိုယ်စားလှယ်တွေ မပါဘဲ ရွေးကောက်ခံ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့သာ ပြင်ဆင်နိုင်မယ့် ပုဒ်မ ၄၃၆ (က) နဲ့ ပုဒ်မ ၄၃၆ (ခ) ပြင်ဆင်ရေး အဆိုပြုချက်တွေကို မတ်လ ၁၃ ရက်က ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲရာ ၇၅ ရာခိုင်နှုန်းကျော် ထောက်ခံမဲ မရရှိဘဲ ရှုံးနိမ့်ခဲ့ပါတယ်။